တော်လှန်ရေးကို ဒိုင်ယာရီတစ်ခုအဖြစ်တင်စားရမယ်ဆိုရင် ကျဆုံးသွားတဲ့သူရဲကောင်းတွေ၊ ဖမ်းဆီးခံရသူ တွေ၊ ရဲစွမ်းသတ္တိရှိသူတွေက ဒီဒိုင်ယာရီကိုရေးတဲ့သူတွေဖြစ်ပြီး သူတို့တော်လှန်ရေးကာလ မှာပြောသွားတဲ့ စကားတစ်ချို့တွေကတော့ ရဲစွမ်းသတ္တိရှိမှု့၊တရားမျှတမှု ၊ ညီမျှမှု နဲ့ ဒီမိုကရေစီရရှိရေးအတွက် ပဲ့တင်သံ တွေပဲဖြစ်ပါတယ်။ အာဏာသိမ်းမှုကြောင့် ကျဆုံးသွားတဲ့ သူရဲကောင်းတွေ၊ အနာတရဖြစ်သူတွေ ၊ ပျောက်ဆုံးနေသူတွေအတွက် အသွင်ကူးပြောင်းရေးကာလအတွင်း တရားမျှတမှု ရရှိဖို့ဆိုရင် နှစ်အတိုင်းတာတစ်ခုထိ အားသွန်ခွန်စိုက် အချိန်ပေး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးတပ်ဦးက လျို့ဝှက် သတင်း သမားတွေနဲ့ အတူလက်တွဲပြီးသတင်းအချက်အလက် စိစစ်အတည်ပြုနိုင်ဖို့အတွက် ဒေတာယန္တရား တစ်ခုကို တည်ဆောက်နေပါတယ်။