Author: မြန်မာ့နွေဦးတော်လှန်ရေးတပ်ဦး | Created:2021-05-07
အမည် - ကိုဇော်ထွန်း (ကဗျာဆရာ ခက်သီ )
ကျဆုံးသည့်နေ့ - ၁၀.၅.၂၀၂၁
"သူတို့က ခေါင်းကိုပစ်တယ် ။ တော်လှန်ရေးက နှလုံးသားမှာ ရှိတာ သူတို့မသိကြဘူး"
ကဗျာဆရာ ခက်သီ(အမည်ရင်း ကိုဇော်ထွန်း) သည် ၂၀၂၁ ခုနှစ် မေလ ၈ရက်နေ့ ညပိုင်း၌
စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။
ကဗျာဆရာခက်သီအား CDM ပြုလုပ်ထားသည့်ကျောင်းဆရာမတစ်ဦးဖြစ်သူ ၄င်း၏ ဇနီးဖြစ်သူဒေါ်ချောစုနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဇနီးဖြစ်သူကို ပြန်လွှတ်ပေးခဲ့သော်လည်း မေလ ၉ရက်နေ့တွင် ကဗျာဆရာခက်သီအား ဆေးရုံတွင် လာရောက်တွေ့ဆုံရန် ဇနီးဖြစ်သူအားအကြောင်းကြား၍ ဆေးရုံသို့လိုက်သွားချိန်၌ ရင်ခွဲရုံထဲတွင် ကိုယ်တွင်းအဂ်ါအစိတ်အပိုင်းများ ထုတ်ယူခြင်းခံထားရသော ခင်ပွန်းဖြစ်သူ၏ အလောင်းကိုသာတွေ့ခဲ့ရပြီး အလောင်းကိုပင် ငိုယိုပြီး ပြန်တောင်းယူခဲ့ရသည်။
မေ ၈ တွင် ကဗျာဆရာ ကိုခက်သီနှင့် ဇနီးကို ရွှေဘိုမြို့ နေအိမ်မှ ရွှေဘိုရဲစခန်းသို့ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ကိုခက်သီကိုမူ စစ်ကြောရေးစခန်းသို့ ပို့လိုက်သည်။ ထို့နောက် မတ်လ ၉ရက်နေ့တွင် ကိုခက်သီအား ဒဏ်ရာများဖြင့် ရွှေဘိုမှ မုံရွာဆေးရုံသို့ပို့ဆောင်စဥ် သေဆုံးသွားခြင်းဖြစ်သည်။ကိုခက်သီ၏ ရုပ်အလောင်းတွင် ရင်ဘတ်၊ လက်ဆစ်နှင့် နံကြားတစ်လျှောက် ညိုမည်းဒဏ်ရာများ တွေ့ခဲ့ရသည်။
ကဗျာဆရာခက်သီသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ၊ ပုလဲမြို့ဇာတိဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၄၅ နှစ် အရွယ်ရှိပြီဖြစ်သည်။ ကိုခက်သီသည် ၁၉၉၆ ကျောင်းသားအရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတို့တွင် ပါဝင်လှုပ်ရှားခဲ့ပြီး ယခု စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့တွင် ဆန္ဒပြခေါင်းဆောင်အဖြစ် လှုပ်ရှားဆောင်ရွက်ခဲ့သည်။ ကိုခက်သီသည် ပြည်သူ့အရေး ဦးထိပ်ထားသူတစ်ဦးလည်းဖြစ်သည်။