Author: မြန်မာ့နွေဦးတော်လှန်ရေးတပ်ဦး | Created:2021-04-07
အမည် - ဆရာမ ဒေါ်မြင့်မြင့်ဇင် (ခ) ကဗျာဆရာမ ကြည်လင်အေး
ကျဆုံးသည့်နေ့ - ၃.၃.၂၀၂၁
"ဒီနေ့တော့ ဘေးကင်းစွာ ပြန်ရောက်ပါတယ်။ နောက်နေ့တွေ ဒီအကောင့်လေး မီးမစိမ်းတော့ ရင် အပြင်မှာ မြင်ဖူးသူတွေရော ၊ မမြင်ဖူးသူတွေရော အားလုံးကို သတိရနေမှာပါ"
၂၀၂၁ခုနှစ် မတ်လ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်း၊ ဘုရားနီအနီးတွင် ဆန္ဒပြသူလူထုအား ရဲနှင့်စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းခဲ့ရာ အသက်၃၆နှစ်အရွယ် ကဗျာဆရာမ ဒေါ်မြင့်မြင့်ဇင် (ခ) ကြည်လင်အေးမှာ ရင်ဘတ်သေနတ်ကျည်ဆန်ထိမှန်၍ ကျဆုံးခဲ့ရသည်။ သူမ၏လက်တွင် သွေးအမျိုးအစား၊ ဖုန်းနံပါတ်နှင့်တကွ ခန္ဓာကိုယ်အားလှူဒါန်းကြောင်းစာကို မင်နီဖြင့်ရေးထားခဲ့ကြောင်းသိရသည်။
ဒေါ်မြင့်မြင့်ဇင်သည် ဘော်ဒါဆောင်ဖွင့်ထားစဥ်က ကျောင်းသားတွေအပေါ် စေတနာကောင်းသော ဆရာမဖြစ်ပြီး ငွေကြေးမတတ်နိုင်သောကလေးများကိုလည်း ပညာဒါနပြုခဲ့သူလည်းဖြစ်ကြောင်းသိရသည်။