" အကောင်းတိုင်း ပြန်လာမယ်လို့ အာမ မခံနိုင်တဲ့ ခရီးကို သွားရတဲ့အခါ နှောင်ကြိုးတွေက ခွင့်လွှတ်ပေးပါ" - သဉ္ဇာဟိန်း



Author: မြန်မာ့နွေဦးတော်လှန်ရေးတပ်ဦး | Created:2021-07-03

အမည် - သဉ္ဇာဟိန်း 

ကျဆုံးသည့်နေ့ - ၂၈..၂၀၂၁ 


" အကောင်းတိုင်း ပြန်လာမယ်လို့ အာမ မခံနိုင်တဲ့ ခရီးကို သွားရတဲ့အခါ နှောင်ကြိုးတွေက ခွင့်လွှတ်ပေးပါ" မသဉ္ဇာဟိန်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ရက်နေ့တွင်  မုံရွာမြို့၊ ရတနာပုံရပ် ၊သာစည်လမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေစဥ် အကြမ်းဖက်စစ်တပ်၏ ဖြိုခွင်းခြင်းခံရကာ ဦးခေါင်းသို့ သေနတ်ကျည်ဆန်ထိမှန်ပြီး ကျဆုံးသွားခဲ့ရသော အသက်၂၀အရွယ် ဒုတိယနှစ် သူနာပြု ကျောင်းသူတစ်ဦး ဖြစ်သည်။

မသဉ္ဇာဟိန်းသည် မုံရွာြမို့နယ် ကနီနယ် ဇာတိဖြစ်သော်လည်း မိဘများက လမ်းပေါ်ထွက် ဆန္ဒပြခြင်းကို မကြိုက်နှစ်သက်သည့်အတွက် မုံရွာမြို့ပေါ်တွင် အဆောင်နေထိုင်ကာ မိမိကိုယ်ပိုင် ယုံကြည်ချက်၊ ဆုံးဖြတ်ချက်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များတွင် တက်ကြွစွာ ပါ၀င်လှုပ်ရှားခဲ့သူဖြစ်သည်။