များပြားလှတဲ့ ယဉ်ကျေးမှုစံနှုန်းတွေ ၊ လူမှုယုံကြည်ချက်တွေရဲ့ကန့်သတ်မှုတွေကြား မြန်မာ ပြည်မှာ အမျိုးသမီး တစ်ယောက်ဖြစ်ရတာ ဘယ်တော့မှ မလွယ်ကူခဲ့သလို စစ်အာဏာသိမ်းမှုက အဲ့ဒီအခြေအနေကို ပိုခက်ခဲစေခဲ့ပါတယ်။
တော်လှန်ရေးကာလတွင်း အလွှာပေါင်းစုံက အမျိုးသမီးတွေဟာ ရှေ့တန်းကနေ သူတို့အသက်ကို စွန့်စားခဲ့ကြသလို၊ အခန်းကဏ္ဍမျိုးစုံ ကနေလည်း တော်လှန်ရေးကို ထောက်ပံ့ပေးခဲ့ကြပါတယ်။ ဒါကြောင့်မို့ လို့ တော်လှန်ရေးကာလအတွင်း တိုင်းပြည်အတွက်စွန့်လွှတ်အနစ်နာခံခဲ့ကြတဲ့ အမျိုးသမီးတွေရဲ့ အဖြစ်အ ပျက် အတွေ့အကြုံတွေကို မှတ်တမ်းတင်ထားဖို့အရေးကြီးပါတယ်။