တော်လှန်သော အပ်ချုပ်သမ


2022-04-16

            “ကျန်တာတွေတော့မသိဘူး၊ စစ်အစိုးရအုပ်ချုပ်တာတော့ ဘယ်လိုမှမကြိုက်ဘူး။ သူတို့ကြောင့် အစစ အရာရာ နိမ့်ကျနေရပြီး ဆင်းရဲနေကြရတာလို့ ထင်တယ်။”

 

            ရွေးကောက်ပွဲအကြောင်းပြ၍စစ်အာဏာသိမ်းလိုက်ခြင်းကြောင့်တိုးတက်ရန်ခြေလှမ်းပြင်နေသည့်နိုင်ငံသည်က်က်မှ ချွတ်ခြုံကျသွားစေခဲ့ပြီး အပြင်းထန်ဆုံးထိခိုက်ခံစားရသည်မှာ သူမတို့ကဲ့သို့ အခြေခံလူတန်းစားများဖြစ်လေသည်။အစ်ကိုဖြစ်သူရှိရာရန်ကုန်သို့လာရောက်ခဲ့ပြီးအထည်ချုပ်စက်ရုံတစ်ခု၌အလုပ်လုပ်နေခဲ့သောသူမတစ်ယောက်အာဏာသိမ်းလိုက်ပြီးနောက်အလုပ်လက်မဲ့ဖြစ်သွားခဲ့ရပြီး စားဝတ်နေ ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်တိုက်ပွဲဝင်နေရသည်။ CDM လုပ်ထားသော အစ်ကိုဖြစ်သူနှင့် နေ့စားအလုပ် များ လိုက်လုပ်ရင်း လက်ရှိဘ၀ကို ဖြတ်သန်းနေရသည်။

         

   “ရန်ကုန်မှာ အစ်ကိုဝန်ထမ်းတစ်ယောက်ရှိလို့ အလုပ်လာလုပ်တာ။ နောက်ဆုံးလုပ်နေတဲ့ စက်ရုံက ပြန် ရုပ်သိမ်းသွားတော့ တော်တော်ဒုက္ခရောက်သွားတယ်။ အစ်ကိုကလည်း CDM လုပ်ထားတော့ အခု မောင်နှမနှစ် ယောက် ဆောက်လုပ်ရေးတွေမှာ နေ့စားလိုက်လုပ်လိုက်၊ ကိုဗစ်ကြောင့် ပြုစုပေးဖို့လူလိုတဲ့အိမ်တွေကခေါ်ရင် သွားလုပ်လိုက်၊ အပ်ထည်လေးတွေရရင် ချုပ်လိုက်နဲ့ အဆင်ပြေအောင်နေရတာပေါ့။ သင်းတို့ကြောင့် အကုန်ကြပ်တည်းကုန်ကြတာလေ။ စစ်အာဏာသိမ်းတာသာ ရှိမလာခဲ့ဘူးဆိုရင် အခုလိုတွေ အကုန်လုံးဒုက္ခရောက်စရာ အကြောင်းမရှိဘူး။ နိုင်ငံရေးတော့ သိပ်မသိပါဘူး။ သူတို့ကြောင့် ဒုက္ခရောက်ကြရတာမို့လို့ ဒီစစ်အာဏာရှင်တွေကို ဖြုတ်ချပစ်မှရမယ်ဆိုတာတော့ သေချာသိတယ်လေ။ အဲ့ဒါကြောင့် တတ်နိုင်သလောက် တော်လှန်နေတာပဲ။”


            မောင်နှမနှစ်ယောက် အစ်ကိုဖြစ်သူရရှိသော CDM ထောက်ပံ့ကြေးအနည်းငယ်ဖြင့် တန်ဖိုးနည်း ရွေ့လျားဈေးဆိုင် လှုပ်ရှားမှုများ၌ ထည့်ဝင်ပါဝင်ခြင်း၊ တော်လှန်ရေး အလှူငွေများအတွက် ငွေသားထုတ်ရန် တန်းစီခြင်းများ ကိုလည်း အနည်းဆုံး တစ်ပတ် (၂)ရက်တာဝန်ယူ လုပ်ဆောင်ပေးလျက်ရှိနေသည်။ လတ်တလောတွင်တော့ အစ်ကိုဖြစ်သူမှ လက်နက်ကိုင်သင်တန်းတက်ရန် အားသန်နေ၍ သူမတို့ တိုင်ပင်နေကြခြင်းဖြစ်၏။ 


            “အစ်ကိုကလည်း သူ့အလုပ်က ပြန်တက်ဖို့ဖုန်းဆက်ဖိအားပေးလာတာတွေ ရှိနေတော့ တောထဲသွားပြီး လက်နက်ကိုင် သင်တန်းတက်လိုက်ချင်တယ်လို့ပြောနေတယ်။ သူ့ကို နောက်ဆံမတင်းဖို့ပြောပြီး ညီမကတော့ အားပေးပါတယ်။ ညီမက လုပ်စားတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ နယ်မှာထက်တော့ ဒီမှာက အလုပ်လေး တွေ နည်းနည်းရှိနေသေးတော့ ရှာကြံလုပ်ရင်းနေလို့ရသေးတယ်ပြောရမယ်။ အခုကလည်း လက်နက်ကိုင် တော် လှန်နေကြတဲ့အဆင့်ဖြည်းဖြည်းချင်းရောက်လာပြီဆိုတော့ ပိုပြီး လူတိုင်းပါဝင်အားစိုက်ကြဖို့ လိုလာပြီလို့ထင် တယ်။”

 

            ပေါက်ကွဲပစ်ခတ်မှုများနှင့် လက်နက်ကိုင် ပြောက်ကျားတော်လှန်မှုများ ခပ်စိပ်စိပ်တွေ့လာရသည့် မြို့ပြတော် လှန်ရေး ဖြတ်သန်းမှုများကြား သူမတစ်ယောက် စားဝတ်နေရေးအတွက် တစ်ဖက်ကရုန်းကန်ရင်း တတ်နိုင်ရာ နည်းလမ်းများဖြင့်် ပါဝင်တော်လှန်လျက် ရှိနေသည်။ နှစ်တစ်ဝက်ကြာ တော်လှန်တောင့်ခံနေကြသော CDM သမားများနှင့် အခြားသော တော်လှန်နေကြသူများအတွက် တော်လှန်ရေးမိတ်ဆွေအချို့နှင့်အတူ ဈေးရောင်းပြီး ရန်ပုံငွေ ရှာကြရန် သူမတို့ တိုင်ပင်နေကြသည်။ 

 

            “ကိုယ်တွေလို ကြပ်တည်းနေကြတဲ့ တော်လှန်နေကြသူတွေအတွက် လက်မှုပစ္စည်းတွေ လုပ်ရောင်းကြဖို့ တိုင်ပင်နေကြတာပေါ့။ အဲ့လို ရန်ပုံငွေရှာ ဈေးရောင်းကြတာတွေလည်း သူတို့အရင်က လုပ်ခဲ့ကြဖူးတော့ ထပ်လုပ်ကြမယ် ဆိုပြီး ပြင်ဆင်နေကြတာ။ ကိုယ်ကလည်း အချုပ်အလုပ် နည်းနည်းရတော့ တတ်နိုင်သလောက် လုပ်အားပါမယ်လို့ ဆုံးဖြတ်လိုက်တာ။ လူတွေကလည်း အဲ့လိုမျိုးဆို ဝယ်ကြပါတယ်။ ဖေ့စဘွတ်မှာ တင်လိုက်တာနဲ့ ဝိုင်းအားပေးကြ ရှယ်ကြနဲ့ဆိုတော့လေ။ အားတော့အားရှိစရာပါ။”

 

            အာဏာသိမ်းလိုက်ပြီးနောက် အဘက်ဘက်က ယိုယွင်းကြပ်တည်းလာမှုများနှင့် တစ်ရစ်ပြီးတစ်ရစ် ကြပ်လာနေ သည့် ဖိနှိပ်ဖမ်းဆီးမှုများကြား ပြည်သူများအနေဖြင့် အဆင်မပြေမှု အခက်အခဲများကြားက တတ်နိုင်သည့် နည်းလမ်းမျိုးစုံတို့ဖြင့် တော်လှန်နေရမည်သာဖြစ်ကြောင်း သူမကမှတ်ချက်ပြုထားသည်။ သို့မှသာ အမြန်ဆုံးအောင်ပွဲ ဆင်နိုင်မှာဖြစ်ပြီး လက်ရှိအခက်အခဲဒုက္ခများ အမြန်ဆုံး အဆုံးသတ်နိုင်မည်လည်းဖြစ်သည်ဟု သူမက ဆိုသည်။ 

 

            “အားလုံးကတော့ ကြပ်တည်းခက်ခဲနေကြတာပါပဲ။ ဂျာအေးသူ့အမေရိုက်သလို အဆင်မပြေလို့ မတော် လှန်၊ မတော်လှန်လေ ပိုဖိနှိပ်လေ၊ ပိုကျပ်တည်းလေနဲ့ သံသရာလည်နေသလို မဖြစ်ချင်တာပါ။ နည်းနည်းလေးပဲ ဖြစ်ပါစေ ကိုယ်တတ်နိုင်တဲ့ ရတဲ့နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်နေဖို့လိုတယ်လို့ ညီမကတော့ ထင်ပါတယ်။”

မြန်မာ့နွေဦးတော်လှန်ရေးတပ်ဦး