တော်လှန်သော သတင်းထောက်


2021-10-03

         “ညီမက သတင်းသမားတစ်ယောက်ဆိုတော့ မြေပြင်သတင်းလိုက်ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ကိုယ်တိုင် ဘယ်တော့လာဖမ်းတာ ခံရမလည်း ဆိုပြီး အမြဲထိတ်လန့်နေရတဲ့ ခံစားချက်တွေကို ကောင်းကောင်း သိတာပေါ့။ ဒီစစ်အာဏာရှင်တွေက ဟိုးအရင် ဗိုလ်ချုပ်နေဝင်းတို့ ခေတ်ကတည်းက သတင်းစာတိုက်တွေကို ပိတ်ပစ်တာမျိုးတွေ၊ သတင်းသမားတွေကို ထောင်ချတာမျိုးတွေနဲ့ အလွှာစုံက ပြည်သူတွေကို မျိုးစုံ ရက်စက် ဖိနှိပ်ခဲ့ ကြတာ။

 

မတရားအာဏာသိမ်း စစ်ကောင်စီ၏ အာဏာသိမ်းမှု အပြီး  သုံးလကျော် လေးလအတွင်းအမျိုးမျိုးသော ဖိနှိပ်မှုများအား ကြုံတွေ့ခဲ့ရသူများတွင် သူမတို့ကဲ့သို့ သတင်းသမားများလည်း အပါအဝင် ဖြစ်ခဲ့သည်။ပြည်သူများ၏ ဆန့်ကျင် ဆန္ဒပြပွဲများ အရှိန်မြင့်တက်လာသည်နှင့်အတူ သတင်းမီဒီယာများ၏ အချိန်နှင့်တစ်ပြေးညီ တင်ဆက်မှုများက ပြည်သူများအတွက် အားထားစရာ၊ အချက်အလက် အတည်ပြုစရာများ ဖြစ်လာ ခဲ့သည်။ ထို့ကြောင့် အာဏာသိမ်းစစ်ကောင်စီက ပြည်သူများ (ထံ) သတင်းအချက်အလက် စီးဆင်းမှု နှေးကွေးစေရန်၊ ၎င်းတို့၏ ဝါဒဖြန့်သတင်းမှားများ ပျံ့နှံ့စေရန အင်တာနက် နှင့် ဆိုရှယ်မီဒီယာများ အား ပိတ်ပင် ထိန်းချုပ်ခြင်း၊ သတင်းသမားများအား မတရားဖမ်းဆီးခြင်း၊ သတင်းဌာနများအား ပိတ်သိမ်းခြင်းများပြုလုပ်ကာ နည်းမျိုးစုံဖြင့် ဖိနှိပ်ခဲ့ သည်။

 

           ညီမက ငယ်ငယ်လေးကတည်းက ရုပ်ရှင်တွေထဲကလို ကင်မရာတစ်လုံးနဲ့ ပြေးလွှား သတင်းယူရတဲ့ သတင်းထောက် ဖြစ်ချင်ခဲ့တာ။ အိမ်ထောင်ကျတော့လည်း ယောက်ျားက အများကြီး support ပေးပါတယ်။ သူက စာရေးဆရာ ဆိုတော့ တချို့ ညီမရဲ့ သတင်းအရေးအသားတွေ ထောက် နေတာတွေ ရှိရင် ပြင်ပေးတယ်။ သိတဲ့အတိုင်း စစ်အာဏာရှင်တွေက တော်လှန်ရေးကာလမှာ နည်းမျိုးစုံနဲ့ သတင်းစီးဆင်းမှု နှေးကွေးအောင် လုပ်နေကြတာ။ သူတို့ ဘယ်လိုပဲလုပ်လုပ် ပြည်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေ ဆီက ပို့တဲ့ (Citizen Journalists-CJ ) သတင်းတွေနဲ့ တောက်လျှောက် အဆက်မပြတ်အောင် သတင်းတွေ တင်နေနိုင်ခဲ့တာ။ အဲ့တာကြောင့် သူတို့ကလည်း သတင်းသမားတွေအပြင် ထင်ရှားကျော်ကြားတဲ့သူတွေ၊ အနုပညာရှင်တွေကို ဖမ်းဝရမ်းတွေ ထုတ်ပြီး လိုက်ဖိနှိပ်နေတာ။

 

သူမကဲ့သို့ သတင်းသမားများ အနေဖြင့်လည်း အဘက်ဘက်က ခက်ခဲလာကာ ဖမ်းဆီးခံရမှု အရေးများအပြင် မိသားစုစားဝတ်နေရေးများပါ ကျပ်တည်းလာသည့် အတွက် နည်းမျိုးစုံနှင့် ရုန်းကန် နေရပြီး လက်ရှိတွင် စာပေလောကအတွင်းသို့ တိုးဝင်စ ကလောင်သစ် စာရေးဆရာ တစ်ဦးဖြစ်သူ သူမခင်ပွန်းဖြစ်သူမှာ မိသားစုဝမ်းရေးအတွက် Taxi (အငှားယာဥ်)မောင်းကာ ရုန်းကန်နေရသည်။ဖြစ်သူသည်လည်း စာရေးခြင်း အလုပ်တစ်ခုတည်းဖြင့်သာ ဘဝကိုဖြတ်သန်းရန် ရည်ရွယ် ထားသူဖြစ် ေသာ္လည္း ကိုဗစ်ဒုတိယလှိုင်း နှင့် အာဏာသိမ်းမှုတို့ အဆုံတွင် အစစအရာရာ ကျပ်တည်းလာမှု တို့ကြောင့် ဝါသနာကို ဘေးချိတ်၍ ဝမ်းရေးအတွက် ရုန်းကန်နေရခြင်းပင် ဖြစ်သည်။

 

            “ကျွန်တော်က စာရေးတဲ့ အလုပ်ကိုပဲ တောက်လျှောက်လုပ်မယ်ဆိုပြီး ကြိုးစားဖြတ်သန်းခဲ့တာ။ အခုမှ ကလောင်သစ် ဘဝပဲ ရှိသေးတယ်။ အနုပညာကို လူတွေခံစားကြတယ်ဆိုတာ ဗိုက်ဝနေကြမှဗျ။ ဒါ အရှင်းဆုံး ဥပမာပဲ။ ဟုတ်တယ်လေစားဖို့တောင် အနိုင်နိုင် ရုန်းကန်နေကြရတဲ့ အခြေအနေမှာ၊ အဘက်ဘက်က ဖိနှိပ်ခံနေရတဲ့ အချိန်မှာ ဘယ်လိုလုပ် အနုပညာ ဈာန်တွေ ဝင်စား နေနိုင်မလဲ။ နယ်ပယ်စုံက အနုပညာရှင်တွေ၊ စာပေပညာရှင်တွေကို  ဖမ်းဝရမ်းတွေ ထုတ်တယ်။ လိုက်ဖမ်းတယ်။ တချို့တွေဆို လွတ်မြောက်နယ်မြေတွေ ရှောင်ပြေးရင်းကြားက ကလောင်စွဲပြီး တော်လှန်နေကြရတယ်။

 

            သတင်းမီဒီယာ လွတ်လပ်ခွင့် အခြေအနေကတော့ ပြီးခဲ့တဲ့ နှစ် (၃၀) အတွင်း ဒီအချိန်ဟာ အဆိုးဆုံး လို့တောင် ပြောလို့ရပါတယ်။ ညီမ စီနီယာတစ်ယောက် ပြောခဲ့ဖူးသလို သတင်းသမားဆိုတာ အမြဲတမ်း ကြားကနေပြီး ကိုယ့် ခံစားချက် အစွဲ ကင်းကင်းနဲ့ ဖြစ်စဉ်တွေ၊ သတင်းအချက်အလက်တွေ ကို ပေးရမယ်ဆိုပေမယ့် မတရားမှုနဲ့ အမှန်တရားကြား၊ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံတွေကြားမှာတော့ ကြားနေ မဟုတ်တော့ပဲ အမှန်တရားဘက်၊ ဖိနှိပ်ခံပြည်သူဘက် ကနေပဲ ရပ်တည်ရမယ် ဆိုတဲ့အချက်ကိုပဲ ညီမ အမြဲ လက်ကိုင်ထားတယ်။ ညီမတို့ကတော့ ရတဲ့နည်းနဲ့ ကိုယ်တတ်နိုင်တဲ့နည်းနဲ့ ဒီ စစ်အာဏာရှင်ကို တော်လှန်သွားဦးမှာပါပဲ။

 

ပြည်သူများအနေဖြင့် တော်လှန်ရေးအောင်ပွဲနီးလာချိန်၌ အစစအရာရာ သတင်းများ မျက်ခြည်မပြတ် ကြရန်၊ လူတိုင်း သတင်း မျှဝေနိုင်နေသည့် ယခုလို ကာလတွင် ကိုယ်တိုင် သတင်းမျှဝေရာမှာ လုံခြုံရေး သတိ အမြဲရှိကြရန်နှင့် ရရာနေရာမှ သွေးမအေး ပါဝင်တော်လှန်သွားကြရန် အရေးကြီးကြောင်း သူမက ဆိုသည်။


မြန်မာ့နွေဦးတော်လှန်ရေးတပ်ဦး