ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင်များကို စီရင်ချက်ချမှု ကုလလုံခြုံရေးကောင်စီ စိုးရိမ်ပြန်

Photo - Un


2021-12-09

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် အခြား အစိုးရအဖွဲ့ဝင်များ အပေါ် စီရင်ချက်ချမှုကို ကုလ သမဂ္ဂ လုံခြုံရေးကောင်စီက အထူးစိုးရိမ်ကြောင်း ဒီဇင်ဘာလ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။


လုံခြုံရေးကောင်စီဥက္ကဌ Abdou Abarry (Niger) အမည်ဖြင့် အဆိုပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


အဆိုပါ ထုတ်ပြန်ချက်တွင် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် နှင့် အခြား အဖွဲ့ဝင်များအား စီရင်ချက်ချခြင်းအပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။


အကြမ်းဖက်စစ်တပ်သည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် သမ္မတ ဦးဝင်မြင့်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ဒေါက်တာဇော်မြင့်မောင်တို့ကို ထောင်ဒဏ် နှစ်စီ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်အား ထောင်ဒဏ် ၇၇ နှစ်၊ ကရင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးသန်းနိုင်ကိုထောင်ဒဏ် ၉၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခံထားရသည်။


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို တို့ကို ထောင်ဒဏ် ၂နှစ်စီ ချမှတ်ထားသည်အဆိုပါ ထုတ်ပြန်ချက် တွင်ပင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့မှစတင်၍ မတရားဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးရန် ထပ်လောင်း ပြောကြားခဲ့သည်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ရက်နေ့မှ ယနေ့ ဒီဇင်ဘာလ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၀၇၉၀ ဦး ရှိပြီ ဖြစ်သည်။


လုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆက်လက်ထောက်ခံကြောင်း ထပ်မံအလေးပေးပြောကြားခဲ့ပြီး ဒီမိုကရေစီအဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များကို ထိန်းကျောင်းရန် လိုအပ်ကြောင်းလည်း ဖော်ပြထားသည်။


ထို့ပြင် လုံခြုံရေးကောင်စီက အကြမ်းဖက်မှုများကို ရှောင်ကြဉ်ကာ ပြည်သူများ၏ ဆန္ဒနှင့်အညီ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့ကို ဖော်ဆောင်သွားရန် လိုအပ်ပြီး လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်မှုကို အပြည့်အဝ လေးစားလိုက်နာကာ တရားဥပဒေစိုးမိုးရေးကို လက်ကိုင်ပြုရန်လည်း အလေးပေး ပြောကြားခဲ့သည်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့မှ စတင်ပြီး အကြမ်းဖက်စစ်တပ်သည် ဒီမိုကရေစီလမ်းကြောင်းမှ သွေဖယ်ကာ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်အချို့နှင့် အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးခဲ့ပြီး ပုဒ်မအမျိုးမျိုးတပ် စွပ်စွဲခဲ့သည်။


ပြည်သူလူထုကလည်း ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအတွက် ဆန့်ကျင်ဆန္ဒပြမှု ပုံစံအမျိုးမျိုးပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်တပ်က ၎င်းတို့ကို ပြင်းပြင်းထန်ထန် ဖြိုခွဲခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ ပုဒ်မအမျိုးမျိုးတပ်ကာ ထောင်ချခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။


အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများကြောင့် ဒီဇင်ဘာ ရက်နေ့အထိ လူပေါင်း ၁၃၁၈ ဦး သေဆုံးခဲ့ရပြီးလည်း ဖြစ်သည်။

MPA