နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကိုဇမ္ဗူသီရိအထူးတရားရုံးက ထောင်ဒဏ် ၄ နှစ်စီ အမိန့်ချလိုက်သည်။
ဒီကနေ့ ဒီဇင်ဘာလ၆ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို သဘာ၀ဘေး အန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ၄ နှစ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၄ နှစ်၊ သမ္မတဦးဝင်းမြင့်ကို ထောင်ဒဏ် ၄ နှစ်နှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကို ထောင်ဒဏ် ၂ နှစ် စီချမှတ်ခဲ့ခြင်းဖြစ်သည်။
ယခုအမိန့်ချမှတ်ခဲ့သည့် အမှုအပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားသည့် အမှုပေါင်းမှာ ၁၁မှုရှိထားသည်။၏
ဆက်သွယ်ရေးဥပဒေဖြင့် ၁ မှု၊ ပို့ကုန်သွင်းကုန်ဥပဒေဖြင့် ၁ မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် ၂ မှု၊ ပုဒ်မ ၅၀၅ (ခ) ၁ မှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်၅ မှုဖြစ်ကြောင်း သိရသည်။