မီတာဆောင်ကြရန် စစ်ကောင်စီ ဖိအားပေးနေပြီး မဆောင်သည့်အိမ်များကိုမီးဖြတ်

ပုံစာ - တောင်ဥက္ကလာပမြို့နယ်အတွင်း မီတာမဆောင်သည့်အိမ်များကိုမီးလိုက်ဖြတ်နေစဉ် / ဓာတ်ပုံ - ရပ်ကွက်နေပြည်သူတစ်ဦး


2022-01-25

ရန်ကုန်တိုင်းရှိမြို့နယ်များတွင် မီတာမဆောင်သည့်အိမ်များကိုမီးဖြတ်ခြင်း မီတာ‌ဆောင်ရန်ခြိမ်းခြောက်ဖိအား‌ပေးခြင်းများပြုလုပ်‌နေကြောင်း မြို့ခံပြည်သူအချို့က‌ပြောသည်။


ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် မီတာခကြွးကျန် ၃လနှင့်အထက်ရှိသူများအနေဖြင့် ဇန်နဝါရီ ၂၇ ရက်နောက်ဆုံးထား၍ လာရောက်ပေ‌ေးဆာင်ရန် ၊မလိုက်နာပါက  ဓာတ်အားဖြတ်တောက်မည်ဖြစ်ပြီး တပ်ဆင်မီတာများကိုလည်းဖြုတ်သိမ်းမည်ဖြစ်ကြာင်း ကြေညာထားသည်ဟု မြို့နယ်နေပြည်သူတစ်ဦးက‌ပြောသည်

"ဒီမနက်ပဲ အုပ်ကြီးရုံးက အော်နေတာပါ ဒါပေမယ့်လည်း မဆောင်နိုင်ဘူး။ မီတာဆောင်ဖို့ ငွေလည်းမရှိဘူး ၊စားဖို့တောင်အနိုင်နိုင်" ဟု ယင်းမြို့နယ်‌နေပြည်သူတစ်ဦးကပြောသည်


ထို့ပြင် ယုဇနဥယျာဉ်မြို့တော်တွင်လည်း မီတာမဆောင်သည့်တိုက်ခန်းများကို ယခုလအတွင်း မီးလိုက်ဖြတ်နေကြောင်း မီးဖြတ်ခံရသည့် ပြည်သူတစ်ဦးကပြောသည်

"မီးကပျက်‌နေတာ မီးမလာတာပဲထင်တာ ၊အိမ်တံခါးခေါက်ပြီး သူများတွေလာပြောမှ မီတာမဆောင်လို့မီးဖြတ်တယ်ဆိုတာသိရတယ်  ဆိုင်ကယ်တွေနဲ့လာပြီး တိတ်တိတ်လေးလာဖြတ်သွားကြတာ ၊ဘယ်သူမှမသိလိုက်ဘူး "  ဟု ၎င်းကပြောသည်


မီးဖြတ်ခံရသည့်အိမ်များအနေဖြင့် မီတာခကြွေးကျန်နှင့် ဒဏ်ကြေးဆောင်ရသည့်အပြင်မီတာပြန်လည်တပ်ဆင်ခ ကျပ်နှစ်သောင်းပေးရသည်ဟု ဆိုသည်  

တောင်ဥက္ကလာပမြို့နယ်တွင်လည်း မီတာခကြွေးကျန် ၃သိန်းနှင့်အထက်ရှိသည့်အိမ်များကို မီးလိုက်ဖြတ်ခဲ့ကြောင်း   မီတာများလိုက်လံဖြုတ်သိမ်းရာတွင်စစ်ကောင်စီတပ်ဖွဲ့၀င်များပါ၀င်ကြောင်းယင်းမြို့နယ်နေပြည်သူတစ်ဦးကပြောသည်။


"လက်နက်နဲ့ခြိမ်းခြောက်တော့လည်းဆောင်ရတာပေါ့ " ဟု ၎င်းကပြောသည်


မီတာမဆောင်သည့်အိမ်များကိုယင်းသို့လိုက်လံမီးဖြတ်ကာဖိအား‌ေပးနေသော်လည်း စစ်ကောင်စီသည် ပြည်သူများကို လျှပ်စစ်ဓာတ်အားလုံလုံလောက်လောက်မပေးနိုင်ဘဲ အလှည့်ကျမီးပေးသည့်စနစ်ကိုသာကျင့်သုံးနေသည် ။မြို့နယ်များတွင် မီးကိုအချိန်ပြည့်မရကြောင်း ပြည်သူများကဆိုသည်


"မနက် ၆နာရီဆို ပုံမှန်မီးပျက်လို့ ထမင်းအိုးတောင် မနက်၄နာရီလောက်ထတည်နေရတယ် " ဟု မြောက်ဒဂုံနေ အိမ်ရှင်မတစ်ဦးကပြောသည်


စစ်ကောင်စီကမူ နိုင်ငံအတွင်း  လျှပ်စစ်ဓာတ်အား ထုတ်လုပ်‌‌ေသာစက်ရုံများမှ ဓာတ်အားထုတ်လုပ်နိုင်မှု‌လျော့နည်းလာကြောင်းနှင့် လျှပ်စစ်လုံလောက်စွာမ‌ပေးနိုင်‌ကြောင်း ဇန်နဝါရီလအတွင်း ထုတ်ပြန်ထားသည်  

MPA