ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ တောင်ပိုင်းမှ မွတ်ဆလင်နှစ်ဦးကို စက်တင်ဘာလ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်ကဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
''စစ်သားတွေက မင်းတို့ကို အလိုရှိတ ယ်။မင်းတို့ကို လူကြီးကမှာတယ် ဆိုပြီးတော့ ခေါ်သွားတာ။ လာခေါ်တဲ့အချိန်မှာ အင်အား ၄၀ လောက်ပါတယ်။ နှစ်ဖွဲ့ခွဲပြီး လာရှာတာ။ ဂူတာပြင်မှာတစ်ဖွဲ့သွားရှာတယ်။ နောက်တစ်ဖွဲ့က စိမ့်ညှင်းပြားကိုလာရှာတယ်။ လာဖမ်းတဲ့အချိန်မှာ ယူနီဖောင်းတွေနဲ့လို့ပြောပါတယ် '' ဟု စိမ့်ညှင်းပြားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီဒိတ်အာမောက်က MPA သို့ အတည်ပြုပြောသည်။
အဆိုပါဖမ်းဆီခံရသူများမှာ ဘူးသီးတောင်မြို့နယ်၊ တောကန်အလယ်ရွာနေ ဦးကာဒဲရ်(ဘ)ဇာဖောရ်အာမတ်(၄၈)နှစ်နှင့် ဂူတာပြင်ကျေးရွာနေ မိုဟာမတ်အာယုပ်(ဘ) မိုဟာမတ်ဟူဆောင်း (၅၀)နှစ်တို့ဖြစ်ကြောင်း သိရသည်။
''ဘူးသီးတောင်အခြေစိုက်ဗျူဟာက ခေါ်သွားတာပါ။ ဘာကြောင့်ခေါ်သွားတယ်ဆိုတာကို ကျွန်တော်တို့လည်းမသိပါ။လောလောဆယ်လူကြီးခရီးစဥ်ရှိလို့ သူတို့နဲ့အတွေ့ခံလို့မရပါ " ဟု သူက ဆက်ပြောသည်။
ထိုသူနှစ်ဦးမှာ စိမ့်ညှင်းပြားစျေးမှ စျေးတာဝန်ခံများဖြစ်ပြီး စျေးရှေ့လမ်းမပေါ်၌ စျေးဆိုင်ခန်းများတိုးချဲ့တည်ဆောက်မည်ကို ကျေးရွာသားများမကျေနပ်
သဖြင့် တိုက်တန်းသည့်အတွက် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်နိုင်သည်ဟုလည်း ကျေးရွာသားတချို့ကပြောသည်။
ထိုစိမ့်ညှင်းပြားနှင့် ဂူတာပြင်ကျေးရွာတို့မှာ ၂၀၁၇ ခုနှစ်က စစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် နေအိမ်တချို့ မီးလောင်ပျက်ဆီးသွားပြီး ရွာသားတ ချို့ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်းလည်း ကျေးရွာသားများက ပြောသည်။
မောင်တောခရိုင်အတွင်းက မွတ်ဆလင်တချို့ကို ယခုလများအတွင်း စစ်ကော င်စီက ဖမ်းဆီးခေါ်ဆောင်စစ်ဆေးနေမှုတချို့ရှိနေသည်။