ဒုန်းတောရွာသားများအပါအဝင် အကြမ်းဖက်စစ်တပ်၏ အရှင်လတ်လတ် မီးရှို့သတ်ခံရသူ ၁၃ ယောက်ရှိလာ

ဒုန်းတောကျေးရွာတွင်ပြည်သူ၁၁ဦးကိုအကြမ်းဖက်စစ်တပ်က မီးရှို့သတ်ဖြတ်ထားသည်ကိုတွေ့ရစဉ် / Photo - CJ


2021-12-07

စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်တပ်က ဒေသခံများကို အရှင်လတ်လတ် မီးရှို့သတ်မှုများကို ယခုရက်သတ္တပါတ်အတွင်း ဆက်တိုက်ကျူးလွန်ခဲ့ရာ ယခုအချိန်အထိ ၁၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။


ဒီဇင်ဘာ ရက် (ယနေ့) တွင် ဒုန်းတောကျေးရွာရှိ ဒေသခံ ၁၁ ဦး၊ ဒီဇင်ဘာ ရက်တွင် ချောင်းခွကျေးရွာမှ ဒေသခံ ဦးနှင့် ဒီဇင်ဘာ ရက်တွင် သီဖို့ကျေးရွာမှ ဒေသခံ ဦးတို့ကို အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲများထံမှ သိရသည်။


စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မုံရွာ-ပုသိမ် လမ်းဘေးရှိကျေးရွာတစ်ရွာဖြစ်သည့် ဒုန်းတောကျေးရွာကို အကြမ်းဖက်စစ်တပ်က ယနေ့နနံနက်ပိုင်းတွင် ဝင်ရောက်ခဲ့ပြီးကျေးရွာသား၁၁ဦးကို အရှင်လတ်လတ်မီးရှို့ပြီး သတ်ဖြတ်ခဲ့ကြောင်းသိရသည်။


အကြမ်းဖက်စစ်တပ်သည် ဒီဇင်ဘာလ၇ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းအောင်ဇေယျမြို့သစ်ဘက်မှဆင်းလာပြီး လမ်းနံဘေးရှိကျေးရွာများကို ဝင်ရောက်ခဲ့ရာ ဒုန်းတောကျေးရွာအရောက်တွင် ယာခင်းများထဲသို့ ထွက်ပြေး တိမ်းရှောင်နေသူ ၁၁ဦးကို ယာခင်းထဲတွင် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။


စစ်တပ်ကတပ်ဖြန့်ပြီး ဝင်လာတဲ့အတွက်ဒေသခံတွေကထွက်ပြေးကြတာပေါ့။ ဒုန်းတောရွာရဲ့ အရှေ့မြောက် ဘက် လယ်ခင်းများအနီးတွင် ပုန်းရှောင်နေတဲ ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်ကာ ယာစောင့်တဲနှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့ကြတာဖြစ်ပါတယ်ဟု ဒုန်းတောရွာဒေသခံတစ်ဦးကို MPAသို့အတည်ပြုပြောသည်။


သတ်ဖြတ်ခံရပြီးထွက်ပေါ်လာသည့် ဗီဒီယိုဖိုင်များအရ မီးရှို့ခံရသူများသည် ထွက်မပြေးနိုင်စေရန် ကြိုးတုပ်ပြီးမှ အရှင်လတ်လတ် မီးရှို့ ခံခဲ့ရခြင်းဖြစ်သည်။

သေဆုံးခဲ့သူ၁၁ဦးလုံးမှာ အမျိုးသားများဖြစ်ပြီး စစ်တပ်က ဝင်ရောက်လာသည့်အတွက် ထွက်ပြေးရင်း မီးရှို့ခံ ခဲ့ရခြင်း ဖြစ်သည်။


ဒေသခံအချို့၏ ပြောပြချက်အရ စစ်တပ်ဝင်လာသည့်အချိန်တွင်လမ်းခုလတ်တွင် ပြည်သူ့ကာကွယ်ရေး အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသော်လည်း MPAအနေဖြင့် ဒေသခံကာကွယ်ရေးအဖွဲ့များကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။


ဒီဇင်ဘာလ ၅ရက်နေ့တွင်လည်း ကလေးတောင်ပိုင်း ချောင်းခွကျေးရွာတွင်နေထိုင်သည့် ဦးငွန်နယ်ထန်းကို အကြမ်းဖက်စစ်တပ်က မြစ်သာမြစ်အရှေ့ဘက်ခြမ်းရှိအိုးမြေထူးကျေးရွာအတွင်းသို့ခေါ်ဆောင်သွားကာ အိမ်တစ်လုံးအတွင်း၌ နေအိမ်နှင့်အတူ မီးရှို့သတ်ခဲ့ကြောင်း သိရသည်။


ထို့ပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင်ပင် ဒီဇင်ဘာလ၄ရက်နေ့ကလည်း ပဲစိုက်ခင်းအတွင်း တောင်ယာ လုပ်ကိုင် နေသည့် လူငယ်တစ်ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားပြီးနောက် မီးရှို့သတ်ဖြတ်ခဲ့သည်။


ဒီဇင်ဘာ ရက် နံနက်ပိုင်းတွင် ကလေးမြို့နယ်၊ သံဖိုကျေးရွာမှ အသက် ၂၄ နှစ်အရွယ်ရှိ ကိုလားရိုမွာလ်သည် မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ ၎င်း၏ ပဲစိုက်ခင်းတွင် အလုပ်လုပ်နေစဉ် စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီး သွားခဲ့ပြီးနောက်အိုးမြေထူးရွာတွင်ပင် ထိုသို့ မီးရှို့သတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း Chinland Defense Force - Kalay Kabaw Gangaw မှ တာဝန်ရှိသူက ပြောသည်။


စစ်ကောင်စီက နယ်မြေရှင်းလင်းရေးဆိုပြီးကျေးရွာတွေကို တစ်ရွာပြီးတစ်ရွာ ဝင်တယ်ပေါ့။ မြစ်သာမြစ် အရှေ့ဘက်ကမ်းမှာ တောင်ယာလုပ်နေတဲ့လူကို ဖမ်းပြီးတော့မှ လူသားဒိုင်းအဖြစ် သုံးသွားတာ။ မြို့နယ်ထဲက အိမ်တွေ မီးရှို့တဲ့အချိန်မှာ တစ်ခါတည်းသတ်သွားတာလို့ ယူဆလို့ရပါတယ်ဟု CDF - KKG မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ပြောသည်။


ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကလည်း "အဓိက, ကတော့ စစ်တပ်က အစတည်းက ယုတ်မာပြီးသားပဲ။ ဒီဘက်မှာ သူတို့အနေနဲ့ စစ်ရေးအရရော ပြည်သူလူထုကိုရောပါ အသာစီးရတာမျိုးမရှိတော့ လူထုကို ရက်စက်ပြတဲ့သဘောပါပဲ။ တော်လှန်ရေးကို တန့်သွားအောင် လုပ်တာမျိုးပါပဲ" ဟု ပြောသည်။


အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း ဒေသခံကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုများ ရှိနေပြီး နှစ်ဖက်စစ်ရေးအခြေအနေများ တင်းမာလျက်ရှိနေသည်။


ထိုသို့စစ်ရေးအခြေအနေများ တင်းမာလျက်ရှိနေရာတွင် စစ်တပ်အနေဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများသို့ဝင်ရောက်ကာ ကျေးရွာများကိုမီးရှို့ခြင်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခြင်းများပြုလုပ်ပြီး လတ်တလောတွင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။

MPA