“ ကျွန်တော်တို့ကို အထောက်အပံ့တွေ ပေးပါ။ လက်နက်ချင်းသာမျှမယ်ဆို ကျွန်တော်တို့ နိုင်ကိုနိုင်မှာပါ။ “

Photo - MPA


2021-09-24

စက်တင်ဘာလ ၂၀ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသော ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဘက်မှ ပါဝင်တိုက်ခိုက်ရင်း ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီ ကျေးရွာအနီး တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည့် အသက် ၂၀ကျော်အရွယ် မန္တလေး စက်မှုလက်မှု သိပ္ပံကျောင်းသား မောင်စိုင်းဘုန်းမင်းသန့် နှင့်အတူ ကျဆုံးချိန်ထိ အတူရှိနေခဲ့သည့် ရဲမေ တစ်ဦးအား တိုက်ပွဲနှင့် ပတ်သက်ပြီး MPA မှ အင်တာဗျူးထားပါသည်။


မေး။     ။ အဲ့ဒီနေ့ ဖြစ််စဥ်အသေးစိတ်လေးပြောပြပေးပါ


ဖြေ။     ။၂၀ ရက်နေ့ကပေါ့နော်။ ကျွန်တော်တို့ တိုက်ပွဲထဲမှာဆို ရှေ့တန်း နောက်တန်းဆိုတာရှိတယ်။ အပြန်အလှန်ပစ်ခတ်ရမယ် ဆိုတာကတော့ ရှေ့တန်းပေါ့။ ကျွန်တော်တို့က နောက်တန်းသွားရတာပေါ့။ အနောက်တန်းမှာ ကင်းစောင့်တာဝန်တွေရှိတယ်။ သူ့တာဝန်နဲ့သူခွဲထားတယ်။ ကျွန်တော်တို့အဖွဲ့က ကင်းစောင့်တာဝန်ကျတယ်။ အဲ့မှာ ကင်းစောင့်သွားရမယ်ဆိုပြီး ကျွန်တော်တို့အဖွဲ့ကို အယောက်၂၀ လွှတ်လိုက်တယ်။ မိန်းကလေးဆိုလို့ ကျွန်တော်တစ်ယောက်တည်းပဲပါသွားတယ်။  နောက်တန်းက လူတွေက သွားကူရမယ် အဲ့လိုပုံစံနဲ့ သွားခဲ့ကြတာပေါ့။ အဲ့နေ့ကတော့ ကံဆိုးသွားတယ်ပြောရမယ်။ ဖြစ်ချင်တော့ ကျွန်တော်တို့ကားနဲ့ သွားတဲ့အချိန်မှာပဲ အဲ့ဒီခွေးတွေနဲ့ တိုက်ရိုက်တိုးသွားတယ်။ အဲ့ဒါက စစ်တိုက်တဲ့နေရာ မဟုတ်သေးဘူး။ စစ်ရှောင်ရွာတွေ ကျွန်တော်တို့ဖြတ်သွားရတယ်။ အဲ့အချိန် သူတို့က ရိက္ခာတွေ ပြတ်သွားလို့ အဲ့ဒီရွာက အိမ်တအိမ်ကိုလာဖောက်တယ်ပေါ့နော်။ ကျွန်တော်တို့သွားတဲ့အချိန်နဲ့ကွက်တိတိုးသွားတာပေါ့။ အရမ်းတိတ်ဆိတ်နေတော့ ကျွန်တော်တို့ကားလာတာ သူတို့သိသွားတယ်။ အဲ့ချိန် ချက်ချင်းကို ပစ်ခံလိုက်ရတယ်။ ပစ်ခံရတဲ့အချိန် ကျွန်တော်တို့ကားပေါ်ကနေ ပြုတ်ကျတယ်။ ပြုတ်ကျပြီး ပြေးကြတယ်။ အပြန်အလှန်တွေ ပစ်ကြတယ်။ ကျွန်တော်တို့ဘက်က ပြန်ပစ်ပေမယ့် သူတို့ဘက်က လက်နက်ကြီးအားကိုး ရှိတာကိုး။ ဆိုတော့ သူတို့ ဆက်တိုက်ပစ်တယ် သုံးနာရီ နီးပါးလောက် အပြန်အလှန် ဆက်တိုက်ပစ်ကြတဲ့အချိန် ကျွန်တော်တို့ဘက်က နှစ်ယောက်ကျသွားတယ်။လေး ယောက်လောက်ကတော့ ဆေးရုံတင်ထားရတယ်။ နောက်ထပ် သုံးယောက်လောက်ကတော့ ဒဏ်ရာရတာတွေ ရှိတယ်။ အဲ့ဒါ ဖြစ်စဥ် အကျဥ်းချုံးပေါ့နော်။


မေး။      ညီမတို့က လုံခြုံရေးအတွက်လှည့်တာလား ရှေ့တန်းကိုသွားတာလား။ကျဆုံးတာ ဘယ်သူလဲ ဘယ်နှယောက်လောက်ဒဏ်ရာရသွားလဲ


ဖြေ။       ။လုံခြုံရေးဆိုတာထက် ကျွန်တော်တို့က ရှေ့တန်းက ရဲဘော်တွေကို နောက်ကနေ ကူညီထောက်ပံ့ပေးရမယ် ကင်းစောင့်တာဝန်လိုမျိုးပေါ့နော်။ ကျွန်တော်တို့ သိမ်းထားတဲ့နေရာတွေလည်းရှိတယ်။ သူတို့ပိုင်တဲ့ နေရာတွေလည်းရှိိတယ် ကျွန်တော်တို့သွားရမယ့်နေရာ  မရောက်ခင်မှာပဲ သူတို့က ဖြတ်သွားတဲ့လမ်းမှာ ဖြစ်သွားခဲ့တာပါ။ သွားတာကတော့ တိုက်ပွဲအတွက်သွားတာပါပဲ။ ကျွန်တော်တို့က ရှေ့တန်းကို ကူညီဖို့လွှတ်လိုက်တဲ့အဖွဲ့ပေါ့။ အဲ့လိုမျိုးပါ။ 

ကျွန်တော်တို့ အယောက် ၂၀ ကွက်တိပဲသွားတာပါ။ မိန်းကလေးကတော့ ကျွန်တော် တစ်ယောက်ထဲပါသွားတယ်။ အဲ့ထဲမှာမှ စိုင်းဘုန်းမင်းသန့်အပါအဝင် ကိုသူရယ် နှစ်ယောက်ကျဆုံးတယ်။ သူတို့က ရဲဘော်တွေကိုကာကွယ်ရင်းနဲ့ ကျဆုံးသွားတာပေါ့။ ကိုသူဆိုရင်လည်း ပထမဦးဆုံး ခြေထောက်မှာ သေနတ်မှန်သွားတယ်ပေါ့။ ကလေးနှစ်ယောက်က သူ့ကိုတွဲခေါ်တယ် သူကအလယ်မှာ။ ကလေးနှစ်ယောက်ကို သူဘက်ထားရတယ်။ အဲ့အချိန် သူတို့နောက်တည့်တည့်ကို လက်နက်ကြီးကျတယ်။ အဲ့အချိန်မှာ သူက ကလေးနှစ်ယောက်ကို အုပ်မိုးပြီးတော့ ကာကွယ်သွားလိုက်တာ။ အကုန်လုံးတော့ လွင့်ထွက်သွားတာပါပဲ ဒါပေမဲ့ သူက အရမ်းထိသွားပြီး နောက်ကျောမှာ အပေါက်လိုက်ကြီး ဖြစ်သွားပြီး အဲ့လိုမျိုးနဲ့ ကျဆုံးသွားတာပါ။ စိုင်းဘုန်းမင်းသန့် ကျတော့လည်း လက်နက်ကြီးကျတဲ့အချိန် ကျွန်တော့်ကိုကာကွယ်လိုက်တာ။ ကာကွယ်ရင်းနဲ့ဆုံးသွားတယ်ပေါ့နော်။ 


မေး။         အွန်လိုင်းမှာပျံ့နှံ့နေတဲ့ ပုခုံးပေါ် ထမ်းလာပြီး ခေါင်းပတ်တီးစည်းထားပြီး ခေါ်လာတဲ့ပုံက ဘယ်သူ့ပုံပါလဲ။ ညီမတို့အဖွဲ့ထဲကလား။


ဖြေ။         ။မဟုတ်ဘူး။ အဲ့ပုံက ဘယ်အဖွဲ့အစည်းကလဲတော့ မသိဘူး ကျွန်တော်တို့ပုံတော့ မဟုတ်ပါဘူး။ အဲ့ပုံက အရမ်းကြီးတော့ပေါက်နေတယ်ပေါ့။ ကျွန်တော်တို့က ထမ်းပြီးပြေးတာတော့ ဟုတ်ပါတယ်။ အဲ့လို ပတ်တီးတွေ ဘာတွေ စည်းနေဖို့တော့ အချိန်မရှိခဲ့ဘူး။ အဲ့ဒါ ကိုသူ () ကိုနေထူးနိုင်ပုံမဟုတ်ပါဘူး ကျွန်တော်တို့ ပုံရိုက်ချိန်တောင်မရှိဘူး။


မေး။          ။တိုက်ပွဲက ဘယ်လောက်ကြာခဲ့ပြီး ဘယ်လိုတွေ ဖြစ်ခဲ့လဲ။ ဘယ်လိုလွတ်မြောက်လာခဲ့လဲ


ဖြေ။          ညီမတစ်ယောက်ပဲကျန်ခဲ့တာ။ အကုန်လုံးကတော့ ဖြစ်တဲ့အချိန် သုံးနာရီ အတွင်းမှာ လွတ်မြောက်သွားခဲ့တယ်။ အဖွဲ့ သုံးဖွဲ့ ကွဲသွားတယ်။ ပထမခြောက် ယောက်ပြန်ရောက်တယ်။ နောက်လေးယောက်စီ၊ အဲ့လိုခွဲပြီးပြန်ရောက်ကြတယ်ပေါ့နော်။ အဲ့ဒီ ၂၀ ရက်နေ့မှာ နှစ်ယောက်ပျောက်သွားတယ်၊ တစ်ယောက်ကျဆုံးတယ် ဆိုပြီး အရင်သတင်းထွက်တာပေါ့ ။ကျွန်တော်ရယ် စိုင်းဘုန်းမင်းသန့်ရယ် ပျောက်သွားတာ ဆိုပြီးတော့ပေါ့။ ကျွန်တော်ကျန်ခဲ့တယ်ဆိုတာက နယ်မြေလဲ မကျွမ်းဘူး၊ မန္တလေးသူဆိုတော့ ဒီကယားပြည်နယ် နယ်မြေတွေလည်း မကျွမ်းတဲ့အတွက်ရော လက်နက်ကြီးတွေ ကျနေတဲ့အတွက်ရော၊ ကျွန်တော့်ရဲဘော်ကျသွားတဲ့ အတွက်ရော MPA