ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ နယ်စပ်ခြံစည်ရိုးအနီးရှိ နယ်ခြားစောင့် စခန်း တစ်ခုမှ အရာရှိတစ်ဦးမှာ နိုဝင်ဘာလ ၃၀ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီအား CDM ပြုလုပ်ပြီး ရက္ခိုင့်တပ်တော်(AA)သို့ ခိုလှုံသွားကြောင့် သိရသည်။
''မောင်တောမြောက်ပိုင်း မိုင်တိုင် ၄၃ ဖ က်က နယ်ခြားစောင့်အရာရှိတစ်ဦးပါ။ခုတော့ အေအေ ဆီရောက်သွားပြီးလို့သိရပါတယ်။''လို့ အမည်မဖော်လို့သူ ဒေ သခံတစ်ဦးက MPA သို့ပြောသည်။
အဆိုပါနယ်ခြားစောင့်အရာရှိမှာ မောင်တောမြောက်ပိုင်း၊ မြန်မာ-ဘင်္ဂလားနယ်စပ်၊ မိုင်တိုင် အမှတ် ၄၃ စခန်းတွင် တာဝန်ကျနေသည့် ကိုယ်ပိုင်အမှတ် ၂၁၉ ၁၄၄ ဒုရဲအုပ် ကြည်ထွန်း ဖြစ်ကြောင့်သိရသည်။
''သူ့ကိုဒေသခံ ကယ်ရီသမားတစ်ယောက်က လိုက်ပို့တာပါ။ အဲဒါကို သိသွားလို့ နယ်ခြား စောင့်ကလာရှာတယ်။ သူ့ကို မတွေ့တော့ သူ့အကိုကိုဖမ်းသွားကြပါတယ်။'' ဟု ဒေသခံ ရွာသားတစ်ဦးက ရှင်းပြသည်။
ထိုသို့အကြမ်းဖက်စစ်ကောင်စီတွင် ဆက်လက်တာဝန်မထမ်းဆောင်လိုသည့် ရခိုင် ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ဒေသခံနယ်ခြားစောင့်အား လိုက်ပို့ခဲ့သော ဆိုင်ကယ် ကယ်ရီသမား အကိုဖြစ်သူ ကိုမောင်ခင်လှကို ဒီဇင်ဘာလ ၁ ရက်နေ့က နယ်ခြားစောင့်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
အဆိုပါမောင်တောမြောက်ပိုင်းတွင် ပြီးခဲ့သည့်လဆန်းပိုင်းက ရက္ခိုင့်တပ်တော်(အေအေ) နှင့် အကြမ်းဖက်စစ်တပ် တို့ကြား ထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့သည်။
''စစ်အာဏာသိမ်းပြီးနောက်ပိုင်းအရင်လည်းနယ်ခြားစောင့်တချို့၊ရဲတချို့ထွက်ပြေးသွားတာတွေရှိပါတယ်။ ခုကကယ်ရီသမားကို သိသွားလို့ နယ်ခြားစောင့်က သူ့အကိုကို ဖမ်းသွား တော့မှ လူတွေသတိထားသိလာကြတာပါ။''ဟုမောင်တောဒေသခံတစ်ဦးက MPA သို့ပြောသည်။
အကြမ်းဖက်စစ်တပ်အား ဆန့်ကျင်ဆန္ဒပြမှုများနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) လှုပ်ရှားမှုများ မရှိသေးသည့် ရခိုင်မှာ PDF ကို ကူညီပေးမှုဖြင့် ကျောက်ဖြူမြို့မှ တက္ကသိုလ် ကျောင်း သူတစ်ဦး ဒီဇင်ဘာလ ၃ ရက်နေ့ကဖမ်းဆီးခံလိုက်ရသည်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲများ ရပ်တန့် နေသော် လည်း လက်နက်၊ရိက္ခာတိုးချဲ့ထားခြင်း၊တပ်ရင်းနှင့်ကင်းစခန်းများကို ပိုမို ခိုင်မာအောင်ပြုလုပ်နေပြီးဒေသခံများ၊ကုန်စည်စီးဆင်းမှုများကိုပိုမိုတင်ကျပ်စစ်ဆေးမှုများပြုလုပ်နေသည်။